။ နံနက်ခင်းဩဝါဒဂါထာ (စကား) ။

။ မြတ်သောကုသိုလ်ပြုပါ။။ ဖြူစင်သည့်မေတ္တာဘာဝနာပွားပါ။။ ကျန်းမာရေးအရ အသားငါးစားခြင်း ရှောင်ပါ။။ အာဟာရကို ရသတဏှာမဖြစ်ပါစေနှင့်။။ မိမိကိုယ်ကို ကြည်ညိုပါ။။ လူတိုင်းအတွက် မေတ္တာမပျက်ပါနှင့်။။ ကာမဂုဏ်အာရုံ အထုံမများပါစေနှင့်။။ စားဦးစားဖွယ်တွေကို မိဦးဖမြတ်တို့ကိုမမေ့နှင့်။။ သင်နှင့်ကောင်းသည့်အရာကို ကျေးဇူးမကန်းပါနှင့်။။ အချင်းချင်းမေတ္တာ မပျက်ပါနှင့်။။ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ကူညီဖို့မမေ့နှင့်။။ မိဘစဉ်လာရိုးရာတွေကို ထိန်းသိမ်းဖို့လည်းမမေ့နှင့်။။ အကျင့်မမြတ်ဘဲ မနေပါနှင့်။။ စည်းစိမ်ကို စွန့်ကမ်းပေးလှူမြဲပါစေ။။ မိမိကျန်းမာရေးကို သိထားပါစေ။။ အားနေတဲ့ပါးစပ်ကို မေတ္တာပို့ဖို့ မပျင်းပါနှင့်။။ မိမိဝမ်းဘိုက်ကို သုသာန်မဖြစ်ပါစေနှင့်။။ အယူအမြင်မမှားပါစေနှင့်။။ ဘာသာရေးထက် ကိုယ့်အရေးကို တွေးပါ။။ လောကသံသရာအေးပါစေ ။ တောင်ကလေးဆရာတော်(၁၀ .၄ .၂၀၁၅) ရက်နေ့။